EarthRights International (ERI)

Submitted by ehkhu on တနင်္လာနေ့, 10/23/2017 - 20:45

Earth Rights International(ERI) အဖွဲ့အစည်းသည် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ စီးပွားရေးကော်ပိုရေးရှင်းနှင့် အစိုးရတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဘာသာရပ်များတွင် နှံ့စပ်ကျွမ်းကျင်သည့် တက်ကြွလှုပ်ရှားသူများ၊ စီစဉ်ဆောင်ရွက်သူများနှင့် ရှေ့နေများဖြင့် ဖွဲ့စည်းထားသည်။ ERI သည် ၁၉၉၅ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကြီးစား သဘာဝအရင်းအမြစ်များ တိုးတက်ထုတ်လုပ်မှုများကြောင့် ပြည်သူလူထုနှင့် ဂေဟစနစ်များ ထိခိုက်ခံရမှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့သည်။ ERI အဖွဲ့အစည်းအနေဖြင့် အချက်အလက်ရှာဖွေဖော်ထုတ်ခြင်း၊ ကကြိုးဆွဲသူများကြောင့် ကမ္ဘာမြေကြီး၏ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးလုပ်ဆောင်ခြင်း၊ အခြေခံလူထုနှင့် ရပ်ရွာခေါင်းဆောင်များကို သင်တန်းပေးခြင်းနှင့် မူဝါဒပြောင်းလဲရေးအတွက် အသိပေးလှုံ့ဆော်ခြင်းတို့ကို အထူးအသားပေး လုပ်ဆောင်နေပါသည်။ ERI အနေဖြင့် အထက်ပါ မဟာဗျူဟာများဖြင့် မိမိတို့လုပ်ဆောင်နေသည့် ရပ်ရွာလူ့အဖွဲ့အစည်းအတွင်းတွင် ကမ္ဘာမြေကြီး၏ အခွင့်အရေးချိုးဖောက်ခံရမှုများကို အဆုံးသတ်ပေးရန်၊ အမှန်တကယ်ခံရသူများအတွက် စစ်မှန်သော ဖြေဆေးကို စီမံပေးနိုင်ရန်၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ပေးရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ နောက်ဆက်တွဲအနေဖြင့် ERI သည် မြန်မာနိုင်ငံအတွင်းရှိ အကြီးစားသဘာဝအရင်းအမြစ်ထုတ်လုပ်သည့်စီမံကိန်းများကြောင့် ထိခိုက်ခံရသည့် ရပ်ရွာလူ့အဖွဲ့အစည်းများနှင့်အတူ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်ခံရမှုများကို ကြိုတင်ကာကွယ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။ www.earthrights.org တွင် လေ့လာနိုင်ပါသည်။