Action Group for Resource Accountability in Myanmar (AGRAM)

Submitted by ehkhu on တနင်္လာနေ့, 10/23/2017 - 20:59

Action Group for Resource Accountability in Myanmar (AGRAM) အဖွဲ့သည် ယခင် ရွှေဂက်စ်လုပ်ရှားမှုအဖွဲ့မှ ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းနှင့် တရုတ်-မြန်မာပိုက်လိုင်းများကြောင့် ထိခိုက်မှုများကို အများပြည်သူသိရှိရလေအောင် အထူးလုပ်ဆောင်သည့် ရပ်ရွာအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ AGRAM အနေဖြင့် မြန်မာနိုင်ငံရှိ တွင်းထွက်တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုနှင့် အခွန်ဘဏ္ဍာဆိုင်ရာ ပွင့်လင်းမှုရှိစေရေးအတွက် လူထုအမြင်ဖွင့်ခြင်းနှင့် မူဝါဒပြောင်းလဲရေးအတွက် အသိပေးလှုံ့ဆော်ခြင်းများကို ဦးဆောင်လှုပ်ရှား လျက်ရှိသည်။