မြန်မာ့ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ စွမ်းအင်၊ ဓါတ်သတ္တုတူးဖေါ်ရေးနှင့် မြေယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စံသတ်မှတ်ချက်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်။
News - Burma News
Saturday, 28 April 2012 12:14

နေ့စွဲ - ၂၀၁၂ ခုနှစ်၊ မတ်လ (၂၂)ရက်။

လူထုအခြေပြု အဖွဲ့အစည်းများဖြင့် မဟာမိတ်ဖွဲ့စုစည်းထားသော မြန်မာ့သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ မြန်မာနိုင်ငံ၏ စိုးရိမ်ရသည့်ကဏ္ဍများဖြစ်သော စွမ်းအင်၊ ဓါတ်သတ္တုတူးဖေါ်ရေးနှင့် မြေယာကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စံသတ်မှတ်ချက် အား တာဝန်ခံ၊တာဝန်ယူမှုရှိသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းဘောင်အဖြစ် လိုက်နာကြရန်အတွက်  ကြေငြာချက် ထုတ်ပြန်လိုက် သည်။ ဤကြေငြာချက်သည် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ်စီးပွားရေးပိတ်ဆို့အရေးယူထားမှုကို လျော့ချခြင်း (သို့) ရုတ်သိမ်းခြင်းပြုတော့မည့်အရေးကြီးသည့်အချိန် နှင့် ကုမ္ပဏီများ နှင့် နိုင်ငံများမှ စွန့်စားမှုကြီးမားသည့် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိသည့်အချိန်နှင့် အချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဤစံသတ်မှတ်ချက်ကို စွဲမြဲစွာလိုက်နာပါက သမိုင်းတွင်သည့် ရင်းနှီးမြုပ်နှံမှု နှင့် ယှဉ်တွဲလျက်ဖြစ်ပွားသည့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ချိုးဖောက်ခဲ့သည့်ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံခြင်းသည် လူထုဘ၀အကျိုးဖြစ်ထွန်းရခြင်း နှင့် အရှေ့တောင် အာရှတွင် ပေါ်ထွန်းလာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နှင့်သဘာဝပတ်ဝန်းကျင်အရ တိုးတက်ဖြစ်ပေါ်မှုကို ထိခိုက်စေမည် မဟုတ်ပါ။ ၁၉၈၀ နှောင်းပိုင်းခုနှစ်များမှစတင်တိုးပွားခဲ့သောရင်းနှီးမြုပ်နှံမှုများ အထူးသဖြင့်သဘာဝသယံဇာတကို အငမ်းမရ မက်မောသော အိမ်နီးချင်းအာရှနိုင်ငံများ၏ အထူးစီးပွားရေးဇုံများတည်ဆောက်ခြင်းအပါအ၀င် ရင်းနှီးမြုပ်နှံမှုကဏ္ဍများသည် အကြမ်းဖက်မှုများကို တိုးပွားလာစေခြင်း၊ ဒေသခံလူထုအပေါ်လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်ပေါ်စေခြင်း၊ ဒေသခံတို့၏ အစဉ်အလာ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများကို ယခုတိုင် ဖြစ်ပေါ်စေခဲ့သည်။

ဤစံသတ်မှတ်မှု ထုတ်ပြန်ချက်ရခြင်း၏ရည်ရွယ်ချက်မှာ သဘာဝသယံဇာတပစ္စည်းရင်းနှီးမြုပ်နှံမှုနှင့် အထူးစီးပွားရေးဇုံကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် ဒေသခံလူထုဘ၀အကျိုးဖြစ်ပေါ်စေရန်အတွက် ဖြစ်ပါသည်။ ဤထုတ်ပြန်ချက်သည် ဒေသခံများအနေဖြင့် စီမံကိန်းများမှထွက်ပေါ်မည့်အကျိုးအမြတ်ကို ညီမျှစွာရရှိခံစားပိုင်ခွင့်ကို အာမခံမှုရရှိရန်ဖြစ်ပြီး၊ ပဋိပက္ခများကို လျော့ကျစေရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အကျိုးခံစားပိုင်ခွင့်ရှိသူများအားတာဝန်ခံမှုရှိစေရန်၊ အပြန်အလှန်ထိန်းကျောင်းမှုရှိသည့် လူထုအခြေပြု အဖွဲ့အစည်းများကို တည်ထောင်ရန်၊ လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်မှုရှိစေရန်၊ လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပြုရေးနှင့် နိုင်ငံ၏ သဘာဝသယံဇာတများကိုစီမံခန့်ခွဲရာတွင် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးကို အာမခံမှုရှိစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေရမည်ဖြစ်ပြီး သဘာဝသယံဇာတရင်းနှီးမြုပ်နှံမှုကြောင့် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ မြေယာသိမ်းပိုက်ခံရခြင်း၊ တရားမ၀င်အခွန်ကောက် ခြင်း၊ အသက်အိုးအိမ်များဆုံးရှုံးခြင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို နှစ်ရှည်လများခံစားခဲ့ရသည့် ဒေသခံများ၏ ဆန္ဒသဘော ထားကို လေးစားလိုက်နာရန်လိုအပ်ကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ စွမ်းအင်၊ ဓါတ်သတ္တုတူးဖေါ်ရေးနှင့် မြေယာ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုစံသတ်မှတ်ချက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ပေါလ်စိန်ထွားမှ ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ မှု စံသတ်မှတ်ချက်အား ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် ပြည်သူများနှင့် ထပ်မံ လက်တွဲဆောင်ရွက်နိုင်စေရန် ရည် ရွယ်ထုတ်ပြန်သည်။ အောက်ဖေါ်ပြပါအချက်များသည် BEWG ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စံသတ်မှတ်ချက်များ ဖြစ်သည်။

 

() ဘေးဒုက္ခမရောက်စေရေး

ရင်းနှီးမြုပ်နှံမှုများသည် မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတနှင့် မြေယာအခြေခံအငြင်းပွားမှုကို တိုး၍ဆိုးရွားမှုမရှိစေရ။

မြန်မာနိုင်ငံရေး၏အခြေအနေသည် အစိုးရနှင့် တိုင်းရင်းသားတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြင့် အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးအဆင့်သို့ တက်လှမ်းနေပြီး ထိလွယ်ခိုက်လွယ်သောအခြေအနေတွင် ရောက်ရှိနေသည်။ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံသူတို့၏ အကျိုးစီးပွားသည် နိုင်ငံရေးဆိုင်ရာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုက်ရိုက် စွက်ဖက်ရာရောက်နိုင်ပြီး၊ ရင်းနှီးမြုပ်နှံမှု လုပ်နေသည့်နေရာများ၌ ပဋိပက္ခများကိုပိုမိုတိုးပွားစေခြင်း၊ အသက်မွေးဝမ်း ကျောင်းနှင့်အသက်ဆုံးရှုံးရခြင်းများကိုဖြစ်စေခဲ့ပါသည်။

 

စီမံကိန်းများ အကောင်အထည်ဖေါ်သည့်နေရာများတွင် စစ်မှန်သောငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်ပြီး အလျင်အမြန် အကောင် အထည်ဖေါ်လုပ်ကိုင်၍မရနိုင်ပါ။ လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးသဘောတူညီမှုများကိုလက်မှတ်ရေးထိုးခြင်း၊ လက်နက် ကိုင်အုပ်စုများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမျိုးသက်သက်မျှမဟုတ်ပဲ တိုင်းရင်းသားရေးရာပဋိပက္ခများအား ရှုထောင့် ပေါင်းစုံ မှဖြေရှင်းရန်အတွက် အချိန်ယူအလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်လာသည့်အချိန်၌ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ကာလတွင် အထူးစီမံကိန်းများ၏ ဆက်စပ်မှု၊ အစိုးရနှင့် စီးပွားရေးလုပ်ဖေါ်ကိုင် ဖက်တို့၏ ပဋိပက္ခဆိုင်ရာတွင်ဆက်စပ်မှုကိုဂဃနဏ နားလည်ရန်လိုအပ်ပြီး၊ စီမံကိန်းလုံခြုံ စိတ်ချရမှုသည် တရားဥပဒေစိုးမိုးမှု ကြောင့်ဖြစ်ပြီး၊ ဒေသဆိုင်ရာစစ်တပ် ကြီးစိုးရေးအတွက်မဖြစ်စေရ။ ဤအကြောင်းအရာများ၏ အစိတ်အပိုင်း တရပ်အဖြစ် ရင်းနှီးမြုပ်နှံသူများအနေဖြင့် ပဋိပက္ခဆိုင်ရာ အကဲဖြတ်လုပ်ဆောင်မှုများကို အကောင်းဆုံးဆောင်ရွက်ရန်နှင့် ပြသနာ အသစ်ပေါ်ပေါက်လာခြင်းနှင့် လုံခြုံရေးကြောင့်ဖြစ်ပေါ်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို ရှောင်ရှားနိုင်ရန်၊ စွန့်စားမှုဆိုင်ရာ စီမံခန့်ခွဲမှုမဟာဗျူဟာကို လိုက်နာရမည်။

 

ပြည့်စုံသော တရားဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲမှုများကို ကျင့်သုံးသည့် အချိန်ကျမှသာ ရင်းနှီးမြုပ်နှံမှု စီမံ ကိန်းသစ်များကို ပြုလုပ်ကြရန် အကြံပြုပါသည်။ ပြုပြင် ပြောင်းလဲမှုများဟု ဆိုရာတွင် နိုင်ငံတကာ စံချိန်မှီသော လူမှုရေး နှင့် သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကို အာမခံပေးနိုင်ပြီး ဒေသခံများ၏ အဓိပ္ပါယ်ရှိသောပူးပေါင်းပါဝင်မှု၊ သဘောတူညီမှု၊ အကြံ ဥာဏ်ရယူမှုကို ဥပဒေအရ လက်တွေ့ ကျင့်သုံးနိုင်သော အချိန်နှင့် ပဋ္ဋိပက္ခကင်းသော ဒေသများတွင်သာ  ရင်းနှီးမြုပ်နှံမှုများ ပြုလုပ် ရန် BEWG မှ အကြံပြုပါသည်။

 

() အကောင်းဆုံးပြုလုပ်ဆောင်ရွက်ခြင်းများ (သို့) နည်းလမ်းမဲ့ပြုလုပ်ခြင်း၊

ရင်းနှီးမြုပ်နှံသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် လူ့ အခွင့်အရေးများဆိုင်ရာ တရားဥပဒေစံချိန်စံညွန်းကို လေးစား လိုက်နာပြီး၊ နိုင်ငံတကာမှ လက်ခံကျင့်သုံးနေသော လူ့အခွင့်အရေးများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုများ ခန့်မှန်းတွက်ချက်ခြင်းကို ကမ္ဘာလုံးဆိုင်ရာမှ ကျယ်ကျယ်ပြန့်ပြန့်လက္ခံထားသည့် စံချိန်စံညွန်းများနှင့်အညီ လိုက်နာ လုပ်ဆောင်ရမည်။

မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့ အခွင့်အရေး ဆိုင်ရာ အကျိုးသက်ရောက်မှု ခန့်မှန်း တွက် ချက်ခြင်း ဥပဒေများ သို့ မဟုတ် ယင်းတို့အားလိုက်နာလုပ်ဆောင်ရမည့်သတ်မှတ်ချက် မရှိပါ။ နိုင်ငံတကာအဆင့်အတန်းမှီဥပဒေ များ အကောင်အထည်ဖေါ်လုပ်ကိုင်ခြင်းနှင့် ပြဌာန်းမှုမပေါ်ပေါက်သည့်ကာလအတွင်း ရင်းနှီးမြုပ်နှံသူများအနေဖြင့် နိုင်ငံတကာစံချိန် စံညွှန်း နှင့်မိမိတို့နေရင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လိုက်နာလျက် ဆုံးဖြတ် ချက်ချမှတ် ရာတွင် သက်ဆိုင်သူအားလုံးပါဝင်နိုင်ရန် နှင့်အတိုင်ပင်ခံမှုပြုရေးကို အာမခံရမည်။ လွတ်လပ်၍ နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်း သဘောတူညီချက်ရယူခြင်းကိုလိုက်နာကျင့်သုံးခြင်းနှင့် အတိုင်ပင်ခံပြုခြင်းကို ဒေသဆိုင်ရာလူအဖွဲ့အစည်း၏ အခွင့် အရေးများကို ကာကွယ်နိုင်ရန်အတွက်ထည့်သွင်းလုပ်ကိုင်ရမည်။

 

() ပွင့်လင်းမြင်သာမှုရှိစွာပြုမူလျက် မူဝါဒများကိုကိုင်စွဲထားရန်၊

ရင်းနှီးမြုပ်နှံသူများအနေဖြင့် အကျင့်ပျက်ခြစားမှုကိုလုံးဝလက်မခံသည့်မူထားရှိရန်လိုအပ်ပြီး အခွန်ဘဏ္ဍာငွေ နှင့် လုပ်ငန်းစာချုပ် ပွင့်လင်းမြင်သာခြင်းကိုလိုက်နာရမည်။

မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားခြင်းသည် ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ်စေခြင်း၊ ဖွံ့ဖြိုးမှုနည်းပါးရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း နှင့် တိုင်းရင်းသားတို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်တပ်အား ငွေကြေးကူညီပံ့ပိုးပေးနေသည်ကို ကောင်းမွန်စွာပြုစုထား သည့်မှတ်တမ်းများအရသိရှိရသည်။ အခွန်ဘဏ္ဍာငွေ နှင့် လုပ်ငန်းစာချုပ် ပွင့်လင်းမြင်သာခြင်း ကင်းမဲ့သည့် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများသည်အကျင့်ပျက်ခြစားမှုကို ပိုမိုဆိုးရွားစေသည်။ ရင်းနှီးမြုပ်နှံသူများအနေဖြင့် တိကျမှန်ကန်သော သတင်းအချက် အလက်များကို ပုံမှန်ပံ့ပိုးပေးခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းများနှင့် အကျိုးအမြတ်စီးဆင်းရာ နေရာများကို ပွင့်လင်းမြင်သာမှုနှင့် အလုံးစုံကိုတင်ပြပေးခြင်း၊ သင့်တော်သောအနေအထားတွင် အစီရင်ခံစာများထုတ်ပြန်ပေးခြင်းနှင့် ထိခိုက်နစ်နာသည့် ပြည်သူထံသို့ သတင်းအချက် အလက်များ လွယ်ကူစွာရောက်ရှိစေရန် လုပ်ဆောင်ရမည်။ မြန်မာနိုင်ငံတွင် တွင်းထွက်သဘာဝသယံဇာတများ ကုန်ဆုံးသွားသည့် အချိန်တွင် ရင်းနှီးမြုပ်နှံသူများ၊အစိုးရနှင့် ဒေသခံလူ့အဖွဲ့အစည်းအနေဖြင့် လူမှုရေးနှင့် စီးပွားဖွံ့ဖြိုးမှု စဉ်ဆက်မပြတ်တိုးတက် မှုရှိစေရန် ဘဏ္ဍာအခွန်များကိုပွင့်လင်းမြင်သာစွာစီမံခန့်ခွဲရမည်။

ပြင်ပ၀င်ငွေခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပွင့်လင်းမှု ရှိခြင်း၊ လုပ်ငန်းအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများ အားလုံးအပေါ် စီမံခန့် ခွဲခြင်း နှင့် ပြည်တွင်းရှိ အားကောင်းသော လဘ်စားမှု ဆန့် ကျင်သော(ခြစားမှုဆန့် ကျင်ရေး) ပေါ်လစီများကို လက်ဝေခံ ကန်ထရိုက်တာများ အားလုံးအပေါ်တွင် လက်တွေ့ ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဆိုပါက ရရှိလာမည့် အကျိုးအမြတ်များကို အဆင့်တိုင်းတွင် ကောင်းမွန်စွာ စီမံခန့် ခွဲမှုကို ရင်းနှီးမြုပ်နှံသူများအနေဖြင့် တက်ကြွစွာထောက်ခံနိုင်သည်။

 

() အထောက်အပံ့များသည် အရပ်သားပြည်သူအဖွဲ့အစည်းများအတွက်ဖြစ်ရမည်  ၊ပြစ်မှုကျူးလွန်သူများအတွက် မဖြစ်စေရ၊

အရပ်သားပြည်သူအဖွဲ့အစည်းများသည် အင်အားဖြင့်ခြိမ်းချောက်အနိုင်ကျင့်ခံရမှု သို့မဟုတ် မတရားပြုကျင့်ခံရမှုကင်းဝေးလျက် လွတ်လပ်စွာရပ်တည်လုပ်ကိုင်ခွင့်ရှိရမည်။

မြန်မာနိုင်ငံအတွင်းရှိ အရပ်သားပြည်သူအဖွဲ့အစည်းများ၏ အခွင့်အရေးများနှင့် ကာကွယ်မှုများကို ဥပဒေများဖြင့် အာ မခံရမည်ဖြစ်ပြီး၊ ၄င်းအဖွဲ့အစည်းများအနေဖြင့် လူထု၏ အရည်အသွေးမြင့်တင်ရေးလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုံများအပါအဝင် ဓါတ်သတ္တု တူးဖေါ်ရေး၊ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများနှင့်သက်ဆိုင်သော ပညာပေးရေးလုပ်ငန်းများကို လုပ်ခွင့်ပြုရမည်။ အစိုးရနှင့် ပုဂ္ဂလိကများပါဝင်သည့် အရပ်သားပြည်သူအဖွဲ့အစည်းများသည်၊ ထိန်းညှိရေးစနစ်အတွက် အရေးပါသည့်အစိပ်အပိုင်းဖြစ် သည်။ အရပ်သားပြည်သူအဖွဲ့အစည်းများသည် ဒေသခံလူထုနှင့် လူထု၏အကျိုးစီးပွားကို ကာကွယ်မှုပေးနိုင်ပြီး အာဏာရှင်စနစ်နှင့် အင်အားဖြင့်ခြိမ်းချောက်အနိုင်ကျင့်ဖိနှိပ်မှုမှရှောင်ရှားနိုင်ရန် လုပ်ဆောင်သည်။ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အရပ်သားပြည်သူ အဖွဲ့အစည်းများနှင့်စီမံကိန်းလုပ်ငန်း၏အဆင့်တိုင်းတွင်တိုက်ရိုက်ထိတွေ့လျက် ငြိမ်းချမ်းမှုနှင့်အဓိပ္ပါယ်ပြည့်ဝသည့် ဆွေးနွေးမှု များဖြစ်ပေါ်လာရန်ပံ့ပိုးသင့်သည်။

 

() ပြည်သူများကွိုမ်းရည်မြှင့်ပေးခြင်း၊

တည်ရှိပြီးနှင့်ပြုလုပ်ရန်လျာထားသည့်ရင်းနှီးမြုပ်နှံမှုများသည် ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို အပြည့်အ၀ ဖြေရှင်းပေးရမည်။

စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် နယ်မြေဧရိယာအတွင်းရှိ လူထု၏စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များကို ပြည့်ပြည့်ဝဝနှင့်သမာသမတ်ကျစွာဖြေရှင်းပေးရမည်။ မြန်မာနိုင်ငံအတွင်းရှိ ဒေသခံလူထု အထူးသဖြင့်အမျိုးသမီးများနှင့် ကလေးသူငယ်များသည်  ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အဓမ္မအလုပ်ခိုင်းစေခံရခြင်း၊ မြေယာများ သိမ်းပိုက်ခံရခြင်း၊ တရားမ၀င်အခွန်ကောက်ခံရခြင်း၊ အသက်ဆုံးရှုံးရခြင်း၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အချိန်ကာလကြာ ရှည်စွာ ပေးဆက်ခံစားနေခဲ့ရပြီး၊ယင်းသို့သော နစ်နာဆုံးရှုံးရမှုအတွက်သော်၎င်း၊ နှိပ်စက်ညှင်းခံရမှုအတွက်သော်၎င်း လျော်ကြေးငွေ အနည်းအကျဉ်းမျှသာရရှိသည်။၊ အများအားဖြင့် ထိရောက်သည့် ပြည်တွင်းနှင့် နိုင်ငံ တကာစံချိန်စံညွှန်းမှီ တရားဥပဒေများကို ပြဌာန်းပေးပြီး၊ စီမံကိန်းတိုင်းတွင် လူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ထိရောက်လုံခြုံမှုရှိသည့် အတွင်း စည်းစနစ်ကို တည်ဆောက်ရမည်ဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ (သို့) အနာဂါတ်တွင်ဖြစ်ပေါ်လာမည့် စော်ကားမှုများအတွက် အလွယ် တကူကုစားမှုများရရှိရေးကို ပံ့ပိုးရမည်။

 

BEWG သည် ရင်းနှီးမြှုပ်နှံသူများနှင့်သက်ဆိုင်သည့် UN PRI2010 ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှု- ပဋိပက္ခနှင့်    အန္တရာယ်ရှိသော နေရာများရှိ စီးပွားရေးလုပ်ငန်းများ၏ တာဝန်ယူမှုနှင့် လမ်းညွှန်မှုကို ရည်ညွှန်းခြင်း၊ ၂၀၀၆ ခုနှစ် OECD ၏ အုပ်ချုပ်ရေးအားနည်းသည့်နေရာရှိ နိုင်ငံဘောင်ကျော်ကုမ္ပဏီကြီးများ၏ အန္တရာယ်ဖြေရှင်းသည့်နည်း၊ ၂၀၀၂ ခုနှစ် ပဋိပက္ခဖြစ်နေသည့်နေရာများ စစ်ဆေးအကဲဖြတ်ချက် နှင့် စွန့်စားမှုဆိုင်ရာစီမံခန့်ခွဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းညွှန်၊၂၀၁၁ ခုနှစ် ကုလသမဂ္ဂမှ စီးပွားရေး နှင့် လူ့ အခွင့်ရေး အတွက်ပြဌာန်းထားသော "ကာကွယ်၊ လေးစား၊ အလျော်ပေး" ဆိုသည့်စည်းကမ်းဘောင်ကို အကောင်အထည်ဖော်မှုနှင့် ဓါတ်သတ္တုတူးဖေါ်ရေးစက်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှု စီမံချက် (EITI) နှင့် အခြားသော အကောင်းဆုံးမူများကို ရည်ညွှန်းသည်။ စီးပွားရေးလုပ်ငန်းများကိုငွေကြေးထောက်ပံ့သူများသည် အီ​ကွေတာမူဝါဒများအားကနဦးလမ်းည္ဌန်အဖြစ်အကြံဥာဏ်ရယူရမည်။

 

စံသတ်မှတ်ချက်များသည် ၂၀၀၅ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သည့်မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြားသောနည်းလမ်း စီမီနာမှအစပျိုးခဲ့ပြီးနောက် တစိုက်မတ်မတ်အတိုင်ပင်ခံမှုပေါ်တွင်အခြေပြုသည်။။ သက်ဆိုင်ရာ အဖွဲ့ဝင် အဖွဲ့အစည်းတိုင်းသည် တိုင်းရင်းသားဒေသအသီးသီးရှိ ဒေသခံတို့၏ အသံ၊ လုပ်ငန်းဆောင် ရွက်မှုများမှရရှိသည့် အတွေ့အကြုံများ ကို ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်များသို့ ယူဆောင်ကြသည်။ BEWG သည် ၂၀၁၁ ခုနှစ် တွင်ဖြန့်ချီခဲ့သည့် မြန်မာ့သဘာဝ ပတ်ဝန်းကျင်၊ ပြည်သူ၊ ပြသနာနှင့် မူဝါဒအစီရင်ခံစာတွင် အကြံပြုချက်များပေးခဲ့သည်။

 

အတိတ်ကာလမှ BEWG အကြံပြုချက်များသည် တစတစပြောင်းလဲလာပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီရန်နှင့် ပြောင်းလဲလာသည့်အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ဆွေးနွေးညှိနှိုင်းအဖြေရှာမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်သည်။ သို့ရာတွင် အဓိကလိုအပ်မှုဖြစ်သော ပွင့်လင်းမြင်သာမှုနှင့် အတိုင်းအတာကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသော ပြသနာများကို ဖြေရှင်းရန် ထိရောက်သော မူဝါဒများ၊ မြန်မာပြည်သူလူထုများနှင့် သဘာဝပတ်ဝန်းကျင်အတွက်ကောင်းကျိုးဖြစ်စေမည့် မူဝါဒများမှာပြောင်းလဲမှုမရှိပါ။

 

ဤကိစ္စရပ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များကိုသိရှိလိုပါက BEWG ၏ ၂၀၁၁ ခုနှစ်အစီရင်ခံစာဖြစ်သော Burma’s Environment: People, Problems, Policies တွင် ကြည့်ရှုနိုင်သည်။ သို့မဟုတ် BWEG ၏ အင်တာနက်စာမျက်နှာ www.bewg.org တွင် သွားရောက် လေ့လာနိုင် သည်။

 

BEWG အဖွဲ့ဝင်များမှာ

  1. BEWG consists of Arakan Oil Watch (AOW), BRIDGE (Bridging Rural Integrated Development and Grassroots Empowerment), EarthRights International (ERI), the Kachin Development Networking Group (KDNG), the Karen Environmental and Social Action Network (KESAN), the Lahu National Development Organization (LNDO), the Network for Environmental and Economic Development (NEED), the Pa-Oh Youth Organization (PYO), the Shan Sapawa Environmental Organization (Sapawa) and the Shwe Gas Movement (SGM).

၂၀၀၅ နှစ်မှာစတင်၍ မြန်မာ့ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့၏ လုပ်ရှားမှုများကို ၊ မြန်မာပြည်ဖွံ့ ဖြိုးတိုး တက် ရေးအ တွက် အခြားနည်းလမ်း (Another Development for Burma- ADfB) အစီအစဉ် မှပံ့ပိုးလာခဲ့သည်၊

 

ဆက်သွယ်ရန်-

ပေါလ်စိန်ထွား                  + ၆၆ (၀)၈၁၇၂၄ ၇၀၉၃

ဝင်းအောင်-                     + ၆၆ (၀)၈၅၇၁၃၃၃၄၄

Trackback(0)
Comments (0)add
Write comment
smaller | bigger

busy