

၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲ တိုင်းရင်းသားပါတီများ ရပ်တည်ချက်များ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် သဘာဝ အရင်းအမြစ် သယံဇာတ စီမံအုပ်ချုပ်မှု ဆိုင်ရာများ အဓိက ဦးတည် ဆွေးနွေးသွားကြမည်ဖြစ်သည်။
၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲ သည် ကောင်းမွန်သော နိုင်ငံရေး အပြောင်းအလဲ ပိုမို လုပ်ဆောင်နိုင်စေရန် အဓိကပါဝင်နေသည်။ တိုင်းရင်းသား ဒေသများ၊ လူမျိုးများအရေး၊ ဖက်ဒရယ်အရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ သည်လည်း တိုင်းရင်းသားများ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးသည်လည်း များစွာ မူတည်နေသည်။ ထို့အတွက်ကြောင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ပါတီများ၏ မူဝါဒ၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ချက်များသည် ဖက်ဒရယ် စနစ် တည်ဆောက်ရေးအတွက် လွန်စွာ အရေးကြီးသည်။
ဆွေးနွေးပွဲ ပြုလုပ်ရသည့် အကြောင်းရင်း
နှစ်ပေါင်း (၇ဝ) ကျော် မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ များ ရှိနေခြင်း နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု မရသေးနေခြင်း၏ အဓိက အကြောင်းရင်းများထဲမှ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရသည့် အပြင် ဆယ်စုနှင့် ချီသော စစ်ပွဲများနှင့် သဘာဝ သယံဇာတများကို ရေတိုအမြင်ဖြင့် တူးဖော်ထုတ်ယူကြခြင်းကြောင့် မြန်မာနိုင်ငံ၏ ရေစီးရာလမ်းကြောင်းများ နှင့် မြေများ ပျက်စီးခြင်း၊ သစ်တောများ ခုတ်လှဲခံရခြင်း၊ မြေလှန်တူးထုတ်ခံရခြင်း၊ ရေလွမ်းမိုးခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းများကို ဖြစ်စေသည်။ သဘာဝ အရင်းအမြစ် ကြွယ်ဝသော တိုင်းရင်းသားပြည်နယ်များမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကို ခံစားနေရသည်။ သူတို့ ဘဝ ရပ်တည်ရေး၊ နိုင်ငံအရေး နှင့်အနာဂါတ်များကိုပါ ခြမ်းခြောက်ခံနေရသည်။ ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ထောင်ပေါးများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်။ တိုင်းရင်းသားများ အခြေခံတောင်းဆိုချက်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်မှာ နိုင်ငံရေးအရ ဆွေးနွေးမှု မရှိသောကြောင့် လစ်လျှူရှုခံနေရသည်။
ချုပ်ကိုင်သော ဗဟိုအစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥ့ဒေအရ သဘာဝ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်နှင့် စီမံခန့်ခွဲခွင့် အာဏာရှိသည်။ လူထုအနေဖြင့် ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောဆိုပိုင်ခွင့်ပါ တားဆီးခံနေရသည်။ စစ်တပ်နှင့် ဗဟိုအစိုးရက ဘဏ္ဍာငွေ အမြောက်အများ ရယူနေချိန်တွင် ဒေသခံ လူထုမှာ အကျိုး မခံစားရပေ။
မြန်မာသဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ (BEWG) သည် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသမှာ အခြေခံလှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့အစည်း (၂၂) ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကွန်ယက်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်း ကျောင်း၊ သဘာဝအရင်းမြစ်များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို ကာကွယ်နိုင်ရန် နှင့် ဆုံးဖြတ်ချက်ချမှတ်သည့် အခန်းကဏ္ဍများတွင် ပါဝင်မှုမြင့်တင်ရန်၊ မူဝါဒချမှတ်ခြင်း နှင့် advocacy လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်ရန် ၂၀၀၅ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။
BEWG ၏ ရပ်တည်ချက်
“ဒေသနေတိုင်းရင်းသား၊ ပြည်နယ် ပြည်နယ်ခွဲများသည် မြေယာ၊ သဘာဝ သယံဇာတ သဘာဝအရင်းအမြစ် ၏ ပိုင်ဆိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့် ဆုံးဖြတ်ခွင့် ရှိရမည်”
ဆွေးနွေးပွဲ ၏ ရည်ရွယ်ချက် ။ ။ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုအခြေခံသော ဖက်ဒရယ် စနစ် နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ကို ရည်ရွယ်၍ ရွေးကောက်ပွဲ နှင့် သဘာဝ အရင်းအမြစ် ဖက်ဒရယ် စနစ် ခေါင်းစဉ်ဖြင့် Online Forum တရပ် ကျင်းပသွားမည် ဖြစ်သည်။
ကျင်းပမည့် နေ့ရက် – ၁၉ ရက်နေ့ အောက်တိုဘာ ၂ဝ၂ဝ ခုနှစ်
ကျင်းပမည့် လိပ်စာ –
Zoom Meeting ID : 867 8380 8994
Passcode : 123
ကျင်းပမည့် အချိန် – နံနက် ၁ဝး၃ဝ နာရီမှ ၁၂းဝဝ အချိန်ထိ